Kino no Tabi (IMDB 7.1/10)

 

Kino no Tabi (IMDB 7.1/10)

Review by Jonny Kim
ကိုယ့်ဘ၀မှာခရီးထွက်ပြီးစွန့်စားခန်းထွက်မယ်လို့ငယ်ငယ်က
လူတိုင်းစိတ်ကူးယဉ်ခဲ့ဖူးကြမှာပါ။Kinoဆိုတဲ့ကောင်မလေးက
တော့16နှစ်နဲ့ခရီးထွက်နေတာပါ။ဒါပေမဲ့‌သာမန်ခရီးမဟုတ်ပါဘူး။
ဆိုင်ကယ်တစ်စီးသေနတ်တစ်လက်နဲ့ပါ။Kinoရဲ့ဆိုင်ကယ်ကတော့
ရိုးရိုးဆိုင်ကယ်မဟုတ်ပါဘူး။သစ္စာရှိပြီးစကားပြောတတ်တဲ့ဆိုင်ကယ်ကြီးHermesပါ။
Kinoကလည်းသာမန်မိန်းကလေးမဟုတ်ပါဘူး။သေနတ်တွေကျွမ်းကျွမ်းကျင်ကျင်
ပစ်ခတ်တတ်ပြီးအတိုက်အခိုက်ကျွမ်းကျင်တဲ့ကောင်မလေးတစ်ယောက်ပါ။
Kinoရဲ့ကမ္ဘာကြီးကမလှပပါဘူး။ဒါဆိုKinoကိုဘာလို့ခရီးသွားနေတာလဲမေးကြည့်ပါ။
သူမက‌မလှပတဲ့အရာတွေထဲမှာလှပတဲ့အရာတွေကိုရှာဖွေဖို့လို့ပြန်ဖြေပါလိမ့်မယ်။
Kinoကသူမရောက်တဲ့နေရာတိုင်းမှာသုံးရက်ပဲနေပါတယ်။ပြီးရင်နေရာအသစ်တစ်ခုကို
ဆက်ခရီးထွက်ပါတယ်။Kinoကတော့သူ့လမ်းကိုလာပိတ်ဆို့တဲ့သူတွေကိုသေနတ်ထုတ်ပြီး
ပစ်ဖို့လည်း၀န်မလေးပါဘူး။ဒီလိုနဲ့Kinoတစ်ယောက်ဘယ်လိုထူးဆန်းတဲ့နေရာတွေရောက်ပြီး
ဘယ်လိုလူတွေနဲ့တွေ့ရမလဲဆိုတာတော့ကြည့်ရှုရင်းခံစားကြည့်ကြပါ။
ဒါဆိုကျွန်တော်တို့ဘာလို့ဒီseriesလေးကိုရွေးရသလဲပြောချင်ပါတယ်။Kino’s Journeyက
violet evergardenနဲ့ပုံစံတူပါတယ်။နောက်ပြီး2003ခုနှစ်ကတည်းကanime seriesထွက်ရှိခဲ့တာဖြစ်ပါတယ်။လူကြိုက်များပြီးကောင်းလွန်းတဲ့အတွက်2017မှာ
remakeအနေနဲ့ပြန်လည်ထွက်ရှိခဲ့ပါတယ်။နောက်ဆက်တွဲmovieလည်းထွက်ရှိထားပါတယ်။
Kino’s Journey Mangaဟာလည်း1999ကတည်းကvolume 20ကျော်နဲ့အောင်မြင်ခဲ့တာမို့seriesကလည်းအပြစ်ပြောစရာမရှိပါဘူး။Play station gameတွေလည်းအောင်မြင်ခဲ့ပြီးယခုတိုင်လူကြိုက်များဆဲဖြစ်နေပါတယ်။ဒါကြောင့်ဒီလောက်ကောင်းတဲ့
seriesလေးကိုကြည့်ပြီးKinoရဲ့စွန့်စားခန်းတွေမှာအတူတူလိုက်ပါနိုင်ဖို့Oni-chan anime Myanmarမှဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျ။
 
Information
Type: TV
Episodes: 13
Status: Finished Airing
Aired: Apr 8, 2003 to Jul 8, 2003
Premiered: Spring 2003
Broadcast: Tuesdays at 18:30 (JST)
Producers: WOWOW, Genco, Pony Canyon, Studio Wombat, chara-ani.com, ASCII Media Works
Licensors: ADV Films, Sentai Filmworks
Studios: A.C.G.T.
Source: Light novel
Genres: Action, Adventure, Psychological, Slice of Life
Duration: 24 min. per ep.
Rating: R - 17+ (violence & profanity) 
 
 

Post a Comment